Friday 3 February 2012

ပထမဆုံးခြေလှမ်းမှသည်......




           YOFL ကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့တွင်.ကျွန်တော်အပါအ၀င်.၊မြန်မာနိုင်ငံကိုချစ်မြတ်နိုး
သော.၊ ပရဟိတစိတ်ဓါတ်ထက်သန်သော လူငယ်များစုပေါင်း၍ တည်ထောင်ခဲ့ပါသည်..။ သို့ဖြစ်ရာ.
တစ်လပင်မပြည့်သေးသော YOFL သည် ရက်သားအရွယ်မျှသာရှိပါသေးသည်.။သို့ရာတွင်.ကျွန်တော်
အပါအ၀င် အားလုံးက ယုံကြည်ထားသည့်အချက်မှာ YOFL အဖွဲ့ဝင်များအားလုံးအနေဖြင့် အဖွဲ့၏ရည်
ရွယ်ချက်ဖြစ်သော နိုင်ငံတော်တည်ဆောက်ရေး အတွက် တစ်တပ်တစ်အား အုတ်တစ်ချပ်၊ သဲတစ်ပွင့်
ပါဝင်နိုင်ရေး အတွက်. ကြိုးပမ်းရာတွင် အဖွဲ့ဝင်များကို..မည်သည့်အားအင်ကမှတားဆီးနိုင်လိမ့်မည်
မဟုတ် ဆိုသည်ကိုခိုင်မြဲစွာယုံကြည်နေသည်ကို .သက်သေထူပါရစေ..။
           ၈-၁-၂၀၁၂ မ စတင်ခဲ့သောYOFLသည် သက်တော်ရာကျော်ရှည်ပါစေသတည်း..။ချစ်သောမြန်မာ
ပြည်ကြီးနှင့်၊ ချစ်သော နိုင်ငံသားများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါစေသတည်း..။
ရဲဝံ့စွာပင် လှမ်းခဲ့သော.. ပထမဆုံးခြေလှမ်းတစ်လှမ်းမှသည်......။