အဖွဲ့အကြောင်းနှင့်အဖွဲ့သို့ဆက်သွယ်ရန်

Youth Organization for Future Lives (YOFL)

စတင်ဖွဲ့စည်းသည့်နေ့ - ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့ (တနင်္ဂနွေနေ့)
အဖွဲ့၏ ရည်ရွယ်ချက် - ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်လာစေရေးတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်။
အဖွဲ့၏ ရည်မှန်းချက် - ခေတ်မှီဖွံ့ဖြိုးတိုးတက်သော အနာဂတ်ဆီသို့။
အဖွဲ့၏ ဆောင်ပုဒ် - ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

YOFL ၏ သမိုင်းကြောင်း
မြန်မာနိုင်ငံကို ချစ်သော မြန်မာနိုင်ငံကို တိုးတက်စေလိုသော သမာသမတ်ကျသော လူငယ်များ ပေါင်းစု၍ YOFL အဖွဲ့အား 8.1.2012 ရက် (တနင်္ဂနွေနေ့)တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
(မှတ်ချက်။ ။ နိုင်ငံရေးပါတီ မဟုတ်ပါ..။YOFL သည် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားပြုခြင်းမရှိပါ..။)


YOFL ၏ ရန်ပုံငွေ
အဖွဲ့ဝင်များမှ တစ်လလျှင် 3000 ကျပ် (သို့) 5000 ကျပ် ထည့်ဝင်လှူဒါန်းခြင်း ။
(လစဉ်မပြတ် ထည့်ဝင်လှူဒါန်းမှုများအတွက် ငွေစာရင်းရှင်းတမ်းများ လစဉ် ပေးပို့ပါမည်။ 3000 ကျပ်ပါဝင်လှူဒါန်းသော အဖွဲ့ဝင်များအား Green Line ဟု သတ်မှတ်၍ 5000 ကျပ်ထည့်ဝင်လှူဒါန်းသော အဖွဲ့ဝင်များအား Red Line ဟု သတ်မှတ်ထားပါသည်။)
ပြင်ပအလှူရှင်များထံမှ အလှူငွေများ လက်ခံခြင်း ။
(10000 ကျပ်နှင့်အထက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် လှူဒါန်းသော လအတွက် ငွေစာရင်းရှင်းတမ်း ပေးပို့ပါမည်။)
ပြင်သစ်သံရုံးမှ ရန်ပုံငွေ ချပေးရန် ခေါ်ယူချိန်တွင် Proposal တင်ခြင်း ။

YOFL ၏ ဖွဲ့စည်းပုံ

Group Admin.
Second Group Admin.
Finance Admin.
Second Finance Admin.
Project Coordinator.
Second Project Coordinator.
Marked Volunteer.
Unmarked Volunteer.

Responsibilities (GA)
အဖွဲ့၏ ကိစ္စအ၀၀ကို သိရှိနားလည် တာဝန်ယူပေးမည်။ အဖွဲ့၏ စာရွက်စာတမ်း၊ အီးမေးလ် အ၀င်အထွက်မှန်သမျှ ထိန်းသိမ်းထားရှိမည်။ လစဉ် ငွေစာရင်းရှင်းတမ်းများအား အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပြင်ပအလှူရှင်များထံ ပေးပို့ပေးပါမည်။

Responsibilities (SGA)
GA နှင့် ပူးပေါင်းဆောင်ရွက်ပေးပါသည်။

Responsibilities (FA)
အဖွဲ့အတွက် ရန်ပုံငွေ ရှာဖွေရေးတွင် အဓိက တာဝန်ယူပါသည်။ ၀င်ငွေ ထွက်ငွေစာရင်းများအား နေ့စွဲအလိုက် တိတိကျကျ မှတ်တမ်းတင်ပါသည်။ ၀င်ငွေ၊ လွှဲငွေ၊ ထုတ်ငွေ၊ ပြန်အပ်ငွေစာရင်းများအား လစဉ် လဆန်းတစ်ရက်နေ့တွင် GA နှင့် SGA တို့ထံ ပေးပို့ပါသည်။

Responsibilities (SFA)

FA နှင့် ပူးပေါင်းဆောင်ရွက်ပေးပါသည်။

Responsibilities (PC)
အဖွဲ့၏ Project များအတွက် Project Schedule, Transportation Schedule များရေးဆွဲပေးရပါသည်။ သက်ဆိုင်ရာ Admin အသီးသီးနှင့် Volunteer များထံ တာဝန်များခွဲဝေပေးရပါသည်။ Project တစ်ခုအတွက် ခန့်မှန်းကုန်ကျငွေစာရင်းရေးဆွဲပေးပါသည်။ လိုအပ်ပါက ထို Project တွင် မိမိကိုယ်တိုင်ပါဝင် ဦးဆောင်ပေးပါသည်။

Responsibilities (SPC)
PC နှင့် ပူးပေါင်းဆောင်ရွက်ပေးပါသည်။ Project များတွင် Project Leader အဖြစ် တာဝန်ယူပေးပါသည်။

Responsibilities (Marked Volunteer)
အဖွဲ့၏ Project တိုင်းတွင် တက်တက်ကြွကြွပါဝင် လုပ်ဆောင်ပေးပါသည်။ PC ရေးဆွဲထားသော Schedule ပါ Time-line အတွင်း အပြီးအစီး ဆောင်ရွက်ပေးရပါသည်။

Responsibilities (Unmarked Volunteer)
MV နှင့်အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပါသည်။

မှတ်ချက်။ ။ အထက်ပါ တာဝန်များအတွက် YOFL မှ လစာ မပေးပါ။ တစ်စုံတစ်ရာ အကျိုးကို မမျှော်ကိုးပဲ အနာဂတ် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လိုသူ လူငယ်တိုင်းအား YOFL မှ နွေးထွေးလှိုက်လှဲစွာကြိုဆိုပါသည်။

YOFL ၏စည်းကမ်းချက်များ
(၁) အဖွဲ့၏ နာမည်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွား လုံးဝ မရှာရ။
(၂) အဖွဲ့ဝင် အချင်းချင်း ရိုင်းစိုင်းသော အသုံးအနှုန်းများ မသုံးရ။
(၃) အဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေနိုင်သော အပြုအမူ အပြောအဆိုတို့ကို ရှောင်ကျဉ်ရမည်။
(၄) အဖွဲ့ဝင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်သိက္ခာကျဆင်းစေနိုင်သော အပြောအဆိုအသုံးအနှုန်းများကို မည်သည့်နေရာ မည်သည့်အခါတွင်မှ မပြောဆိုရ။
(၅) အဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာနိုင်ရမည်။
    (အထက်ပါ စည်းကမ်းချက်များကို မလိုက်နာပါက အဖွဲ့မှ ထုတ်ပယ်ခြင်းခံရမည်။)

YOFL ၏ အကျိုးပြုလုပ်ငန်းများ
(၁) မိဘမဲ့ကလေးများ
- မိဘမဲ့ကလေးများ၏ စာရိတ္တနှင့် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်စေရန် Moral Education ပေးခြင်း။
- မိဘမဲ့ကလေးများ၏ ပညာရေးအတွက် လိုအပ်သည်များ ထောက်ပံ့ကူညီခြင်း။
- မိဘမဲ့ကလေးများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီခြင်း။
- မိဘမဲ့ကလေးများ၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ပညာသင်စရိတ်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီခြင်း။
စသည်တို့ဖြင့် မိဘမဲ့ကလေးတို့၏ အနာဂတ်အား YOFL မှ ပုံဖော်ပါမည်။

(၂) ပြည့်တန်ဆာများ
- ပြည့်တန်ဆာများအား နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ သွေးစစ်ပေးခြင်း။
- ရုန်းထွက်လိုသူများအား သမ္မာအာဇီဝဖြင့် အသက်မွေးနိုင်ရန် အတိုးမဲ့ငွေထုတ်ချေး၍ အရင်းအနှီးထူထောင်ပေးခြင်း၊ ယင်းတို့၏ ပြုပြင်ပြောင်းလဲနေမှုနှင့် ပြန်လည်ထူထောင်ခြင်းများအပေါ် အားပေးဖေးမခြင်း။
- Positive ဖြစ်နေသူများအား စိတ်ဓါတ် မြှင့်တင်ပေးခြင်း၊ လိုအပ်သော ဆေးဝါးများ ထောက်ပံ့ကူညီခြင်း
စသည်တို့ဖြင့် မြန်မာမလေးများ မြန်မာလိုလှစေရန် YOFL မှ အားပေးကူညီပါမည်။

(၃) လူငယ်များ
- ဆိုးသွမ်းနေသည့် လူငယ်များအား စိတ်ဓါတ်စစ်ဆင်ရေးလုပ်၍ လမ်းကြောင်းမှန်ပေါ်ရောက်အောင် လက်တွဲခေါ်ယူခြင်း။
- ထိုလူငယ်တို့၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မြင့်မားလာအောင် ကူညီခြင်း (ဥပမာ - သင်တန်း ၊ လူငယ်စကားဝိုင်း စသည်တို့ဖြင့် ယင်းတို့၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလဲယူခြင်း။
- ထိုလူငယ်တို့၏ ပညာအရည်အချင်းပေါ်မူတည်၍ သင့်တော်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရှာဖွေပေးခြင်း။
- ထိုလူငယ်တို့၏ ပြုပြင်ပြောင်းလဲခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများအပေါ် အားပေးဖေးမခြင်း။
စသည်တို့ဖြင့် အဖိုးတန် လူငယ်များ ဖြစ်လာစေရန် YOFL မှ ကူညီဆောင်ရွက်ပါမည်။

YOFL သို့ ပါဝင်လိုပါက
အမည် -
အသက် -
နေရပ်လိပ်စာ -
ဆက်သွယ်ရန် အီးမေးလ် လိပ်စာ -
ဆက်သွယ်ရန် ဖုန်းနံပါတ် -
စသည်တို့ကို ပြည့်စုံစွာရေး၍ YOFL ၏ SGA (princeofmandalay2009@gmail.com) ထံ ပေးပို့၍ အဖွဲ့ဝင်နိုင်ပါသည်။